ရန်ကင်း ဇူလိုင် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ ရေးMask Campaign ကို ယနေ့ နံနက်ပိုင်းက အမှတ်( ၁၅) ရပ်ကွက်ရှိ ဘောက်ထော်စျေးအတွင်း နှာခေါင်းစည်း Mask များပေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စည်ပင်သာ ယာရေးအဖွဲ့၊ ရပ်ကျေး အုပ်ချုပ် ရေးမှူးနှင့်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စျေးရောင်းစျေးဝယ်ပြည်သူ များ၊ လမ်းသွားလမ်းလာပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်းများ ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး