သတင်းများ

ဝန်ထမ်း စွမ်းဆောင်ရည် မြင့်မားရေး System Maintenance & Networking သင်တန်း ဆင်းပွဲပြုလုပ်
Jul 07,2021
ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက် ဖွင့်လှစ်သည့် System Maintenance & Networking သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လည်ဘူးမြို့၌ ကိုးဗစ် -၁၉ ပိုးတွေ့ အတည်ပြုလူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိပြီး ပိုးတွေ့လူနာ (၂)ဦး သေဆုံး
Jul 07,2021
ပင်လည်ဘူးမြို့၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ယခင်ပိုးတွေ့လူနာများနှင့် ထိတွေ့ သံသယလူနာ (၃၈) ဦးအား RDT Test Kits ဖြင့် စစ်ဆေးရာ ယနေ့ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ ရှိရကြောင်း၊ ယနေ့ ပိုးတွေ့လူနာများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁)ဦး မြန်မာ့စီးပွားရေး ဘဏ်မှ ဝန်ထမ်း (၁)ဦး ထွေ/အုပ်ရုံးမှ ဝန်ထမ်း (၁) ဦး ပါရှိကြောင်း သိရသည်။ ယခင်ပိုးတွေ့အတည်ပြုလူနာ (၅၇)ဦးရှိပြီး ပင်လည်ဘူးမြို့တွင် စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၆၇)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခမောက်ကြီးမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပေးဆောင်ရွက်
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ ညနေပိုင်း လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၁၀)ဦးထပ်မံတွေ့ရှိ
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ ယမန်နေ့ညနေ ၆ နာရီအချိန်က ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
ဒိုက်ဦးမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပညာပေး ဆောင် ရွက်လျက်ရှိသည်။
စစ်ကိုင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ရန်ပုံငွေကျပ်သိန်း(၃၄၅)သိန်း ထုတ်ချေးပေး
Jul 07,2021
စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စစ်ကိုင်းမြို့နယ်၊ ယင်းမာကျင်းကျေးရွာတွင် ငွေကျပ်(၃၄၅)သိန်းအား (တတိယနှစ် စက်ဝန်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၂၁)ဦးထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်းပိုးတွေ့လူနာ ပေါင်း(၁၆၉)ဦးအထိရှိလာ
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၁)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမသိရ သည်။
ဝေါမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရန်အတွက် မြို့နယ်အားကာခန်းမ ယာယီဆေးရုံအဖြစ် ကြိုတင်ပြင်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမော် ၊အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင် နှင့်  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။