ဒလမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများ ထိန်းသိမ်း နိုင်ရေးနှင့် အရိပ်များ ရရှိစေရေးအတွက် ရည်ရွယ်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခနောင်လမ်းမကြီး တစ်လျှောက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။