မိုးနဲ ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများကို ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မိုးနဲမြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာနေရာသို့ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ ရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ အသိအညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ အပြင်သို့သွားလာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ကြရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လက်ကိုင်အသံချဲ့စက်ငယ်ဖြင့်လည်းကောင်း အသိပညာပေးဆော်ဩပေးခဲ့ ကြောင်း သိရသည်။
မျိုးညွန့်ရွှေ