ညောင်တုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန် ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်း မှန်ကန်မှုရှိစေရေး အသိပညာပေး စိစစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် ဈေးဆိုင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစီစစ်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန်ပစ္စည်း အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်း မှန်ကန်စေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း မရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။