နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ၂ ဦး စစ်ဆေးတွေ့ရှိ

နမ့်စန်(တ) ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉) နာရီအချိန် က အမျိုးသား ၂ ဦးအား RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့ခဲ့သည့် အမျိုးသား ၂ဦးသည် ကျန်းမာရေးမကောင်းသဖြင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၆ ရက် ညနေတွင် လာရောက်ပြသခဲ့ကာ ကုသမှုခံယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပြသလာသဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာ ၂ ဦးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရသဖြင့် ယနေ့နံနက် ၁၀ နာရီ တွင် တောင်တန်းလူငယ်လူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာကန့်သတ် ထားရှိနိုင်ရေးအတွက် အမြန်ဆုံးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)