ပြင်ဦးလွင်မြို့နယ်အတွင်း သွားလာနေသော ဒေသခံပြည်သူများ၊ ယာဉ် / လူပုဂ္ဂိုလ်များ ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့် ကဒ်ပြားများ ယူဆောင်လာခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေး

ပြင်ဦးလွင်၊ ဇူလိုင် ၇
 
ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့နံနက် (၇) နာရီ မှ စတင်ပြီး မြို့နယ်အတွင်း သွားလာနေသော ဒေသခံပြည်သူများ၊ ခရီးသွားယာဉ်များနှင် လူပုဂ္ဂိုလ်များကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့်ကဒ်ပြားများ ယူဆောင်လာရခြင်း ရှိမရှိ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်း လူစည်ကားရာနေရာများနှင့် လမ်းဆုံမီးပွိုင့်များတွင် သွားလာနေသောဒေသခံ ပြည်သူများအား နေ့ခင်းဘက်တွင်လည်း မဖြစ်မနေ ပြင်ပသို့သွားလာရန် ကိစ္စရှိပါက အိမ်ထောင်စု တစ်စုလျှင် လူ( ၁ ) ဦးတည်း သာ ထွက်ရန်နှင့် နှာခေါင်းစည်း မတပ်ဘဲ အပြင်သို့ ထွက်ခွာခြင်း မပြုရန် လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ နှင့် ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်များ / လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာဌာန များမှ စိစစ်ခွင့်ပြုချက်များဖြင့် သွားလာခြင်း ရှိ/မရှိ စသည့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ယခုလို တာဝန်ရှိသူများက မိမိတို့ဒေသအတွင်းသို့ သွားလာနေသော ဒေသခံပြည်သူများ ၊ ယာဉ်/လူပုဂ္ဂိုလ်များ ဝင် / ထွက်သွားလာနေမှုကို အမြဲစောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စဉ်ဆက်မပြတ်လုပ် ဆောင်နေခြင်းဟာ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။