ကြာအင်းဆိပ်ကြီး ဇူလိုင် ၇
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီးဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း ကာကွယ်ခြင်း ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ မြို့နယ်ပညာရေးဦးစီးဌာနနှနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိရပြီးနောက် ဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးကို ဇူလိုင်လ ၇ ရက်နေ့မှ ဇူလိုင် ၁၆ ရက်နေ့အထိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး