ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ပန်ဝါ ဇူလိုင် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် စာသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာနိုးဆော်ခြင်းလုပ်ငန်းကို (၇.၇.၂၀၂၁)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာန ဆိုင်ရာများ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် ပန်ဝါမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင် စနစ်မရောင်းချပဲ ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန်၊ ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပြီးမှ ရောင်းချရန်၊ ဆိုင်ဝင်/ထွက် နေရာများတွင် လက်ဆေးကန်များ၊ Hand gel များထားရှိရန် စသည့် အသိပညာ‌ပေးခြင်းများကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)