ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် Volunteer များအား သင်တန်းပို့ချ

မန္တလေး ဇူလိုင် ၇

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၇×၃၈လမ်းကြား မဟာမြိုင် (၂)ရပ်ကွက်ရှိ နဒီမြန်မာဟိုတယ်ကို Test & Care Center အဖြစ် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ကိုဗစ် -၁၉ ရောဂါ သံသယလူနာများအား Swab စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီက Volunteer များ အား သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် Volunteer များအား သင်တန်းပို့ချရာတွင် ဒေါက်တာ ခင်ခင်ကြီး၊ ဒေါက်တာယုယုသိဏ်းဝင်းတို့မှ ကိုဗစ် -၁၉ရောဂါ သံသယလူနာများအား Swab စစ်ဆေး ဆောင်ရွက်ခြင်းတို့ကို သင်ကြားပြသကြသည်။ အဆိုပါသင်တန်းသို့ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ သင်တန်းသားသင်တန်းသူ (၃၅)ဦး တက်ရောက်လျှက်ရှိကာ အဆိုပါ သင်တန်းသားများမှ ကိုဗစ်-၁၉ သံသယရှိသူများအား Swab စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်