ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိ

ချင်းရွှေဟော် ဇူလိုင် ၇

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ က လားရှိုးမြို့မှ ပြန်လာသည့် အသက် (၁၉)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် လောက်ကိုင်မြို့မှ ပြန်လာသည့် အသက်(၂၁)နှစ်အရွယ်၊ အမျိုးသမီးတစ်ဦးတို့အား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ၎င်းတို့(၂)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်း က သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာများအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ၊ သီးသန့်ကုသဆောင်သို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၅)ဦးတို့အား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၉)ဦးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)