ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်

ကော့ကရိတ် ဇူလိုင် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်းစျေးဝယ်ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask campaign ကို ယနေ့နံနက် ၈ နာရီအချိန် က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ နာရီစင်ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကော့ကရိတ်မြို့မစျေးသို့ သွားလာရသည့် လူစည်ကားရာလမ်းဆုံဖြစ်သော အမှတ် (၃) ရပ်ကွက်၊ နာရီစင်ရှေ့ လမ်းဆုံတွင် သွားလာလျက်ရှိသည့် စျေးရောင်းစျေးဝယ်ပြည်သူများနှင့် အပြင်သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း အခု (၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင်