တနိုင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၃၃)စုအား ထောက်ပံ့ပေးအပ်
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ တနိုင်းချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ကြေးများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။