စဉ့်ကိုင် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများ နှင့် ထိတွေ့ခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ယနေ့နံနက်(၁၀)နာရီ က Test Kit ဖြင့်စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ တွင် ဆောင်ရွက်ခဲ့ရာ (၁၆) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးလွင်က ကြီးကြပ်၍ အဖွဲ့ခေါင်းဆောင် ကျန်းမာရေးမှူး ဦးအောင်ကျော်သင်း ဦးဆောင်ပြီး ကျန်းမာရေး၀န်ထမ်းများ၊ သုခဒါနပရဟိအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သူ (၃၇)ဦး စစ်ဆေးရာ (၁၆)ဦး တွင် ရောဂါပိုးတွေ့ရှိကြောင်းသိရပြီး ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူများအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ပလိပ်တိုက်နယ် ဆေးရုံတို့ တွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းနှင့် စဉ့်ကိုင်မြို့နယ် အတွင်း ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၆၃)ဦး ရှိကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ညိုညို၀င်း