ခရမ်း ဇူလိုင် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ်အတွင်း အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီး အတွင်း အပြင်နှင့် ဈေးလမ်းစုံများ၊ စာသင်ကျောင်းများ ၊ လမ်းစုံလမ်းခွများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရမ်းမြို့မဈေးကြီးအတွင်းနှင့် လူစည်ကားသည့်လမ်းစုံများ ၊ ကားဂိတ်များ ၊ ဆိုင်ကယ်ကယ်ရီဂိတ်များ ၊ တော ကားဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ နံရံကပ်ပိုစတာများ ကပ်ထားခြင်းနှင့် mask တပ်ဆင်မှုမရှိသူများကို mask များပေးခြင်း လက်ဆေးနည်းနှင့် mask များ တပ်ဆင်အသုံးပြုပုံ ၊ စွန့်ပြစ်ပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းအသိပညာပေးခြင်များကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း