ချီဖွေ ဇူလိုင် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်း မပြုရသေး သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၇)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဇော်ထွေးနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထအကြိမ် ထိုးနှံပေးခြင်း ဖြစ်ပြီး ဆေးထိုးနှံခြင်း မပြုရသေးသည့် နိုင်ငံ့ဝန်ထမ်း(၆၈) ဦး လာရောက် ထိုးနှံ ခဲ့ကြောင်း၊ ချီဖွေမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများ၊ ပြည်သူများအား ပထမအသုတ်အဖြစ်( ၆၅)၊ ဒုတိယအသုတ် အဖြစ် (၆၃၃)၊တတိယ အသုတ်အဖြစ်(၁၀)၊ စုစုပေါင်း(၈၀၀)ဦးခန့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ချီဖွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းလင်းထွန်းထံမှ သိရသည်။