ပလောက်မြို့ ၊ အမှတ်(၁) ရပ်ကွက်တွင် ကျွဲ၊ နွား များအား လည်ချောင်းကွဲရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

 

ပလောက် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကျွဲ၊ နွားများ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ (၆) ရက်နေ့ ညနေ (၄)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါထိုးနှံပေးခြင်းကို ပလောက်မြို့ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးရဲအောင်က  အမှတ်(၁) ရပ်ကွက်ရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်