သတင်းများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး
Aug 12,2020
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဘီးလင်းမြို့နယ်ရုံးမှ လက် ထောက် မြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်အောင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဘီးလင်း မြို့နယ် ဘိုးလှကြီးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မင်းလှမြို့၌ မဲဆန္ဒရှင်အမည်စာရင်းများ (၇)ရက်တိုးမြှင့် ကပ်ထားကြေညာမှုကြောင့် မဲစာရင်းကြည့်ရှုသူ (၁၈၂၁၀) ဦးထိရှိလာ
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများကို သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားရှိပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန် စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး ယနေ့ အထိ မဲဆန္ဒရှင်များ(၁၈၂၁၀)ဦးထိ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်
Aug 12,2020
ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယ ဆရာတော်ကြီး များ၏ ဩဝါဒကိုခံယူပြီး
ကလေးမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Social Distancing နှင့်အညီ ပညာသင်ကြားနေမှုကို စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား စစ်ဆေးဆောင်ရွက်
Aug 12,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့အဆင့် လုပ်ငန်းကော်မတီအဖွဲ့သည် Social Distancing နှင့်အညီ ပညာသင်ကြားနေမှုနှင့် စံချိန်စံညွှန်းများ နှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ အခြေအနေများကို စစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
ကျုံ​ပျော်မြို့နယ် ဒါးက​ချောင်း သဘာဝ​ရေပြင် အင်း​ချောင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ (၅) သိန်းခွဲ မျိုးစိုက်ထည့်
Aug 12,2020
ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ​ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးနိုင်​ရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မား လာ​စေရန်၊ ငါးသယံဇာတများ​ ပေါများလာ​စေရန် ရည်ရွယ်၍ ဒါးက​ချောင်း သဘာဝ​ရေပြင် အင်း​ချောင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ (၅) သိန်းခွဲ မျိုးစိုက်ထည့်ခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြိုင်မြို့တွင် ၂၀၂၀ပြည့်နှစ် အသက်(၅)နှစ်အောက်ကလေးများအား ဒုတိယအကြိမ် ဗီတာမင်အေ တိုက်‌ကျွေးခြင်း ဆောင်ရွက်
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ (၆)လ တစ်ကြိမ်တိုက်ကျွေးလျက်ရှိရာ ၂၀၂၀ပြည့်နှစ် အတွက် ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။