လားရှိုး ဇူလိုင် ၇
လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးရန်ပုံငွေကြီးကြပ်ရေးကော်မတီထံသို့ ယမန်နေ့ ညနေ(၃)နာရီခွဲအချိန် က YESS ဆောက်လုပ်ရေးကုမ္ပဏီက ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အသုံးပြုရန် ငွေကျပ်(၅)သိန်း လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးရန်ပုံငွေ ကြီးကြပ်ရေးကော်မတီအဖွဲ့ကိုယ်စား ခရိုင်စီမံရေးဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းအား လက်ခံရယူပေးခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှလည်း ပရဟိတလူမှုကူညီရေးအသင်းများအတွက် စက်သုံးဆီကို လှူဒါန်းပေးလျက်ရှိနေပြီး လားရှိုးမြို့ရှိ အလှူရှင်များလားရှိုးမြို့ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ လက်ခံကုသပေးနေသောနေရာများသို့ Oxygen အိုးများ၊ ရေသန့်များ၊ အာဟာရဖြည့် စားသောက်ကုန်များ လှူဒါန်းပေးလျက်ရှိသည်။ လားရှိုးမြို့၌ ဇူလိုင်(၇)ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၆၀၀)ကျော်သွားပြီး ပြန်ပြီးဆေးရုံဆင်းသူဦးရေ (၃၀၀)ဦးနီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြည်သူ့ဆေးရုံကြီးစောင့်ကြည့်ကုသဆောင်၊ မိုးလုံလေလုံ အားကစားရုံ စောင့်ကြည့်ကုသဆောင် ပညာရေးဒီဂရီကောလိပ် စောင့်ကြည့်ကုသဆောင်များနှင့် မိုးကုတ်ဝိပဿနာ စောင့်ကြည့်ကုသဆောင်ကိုလည်း စောင့်ကြည့်ကုသပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်ကော်မတီကလည်း နေ့စဉ်အဆိုပါ စောင့်ကြည့်ကု သဆောင်များ၌ တာဝန်ကျဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများပါဝင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာများကို ကျန်းမာရေးကုသမှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက် ကုသပေးကြောင်း သိရသည်။
ထို့အပြင် လားရှိုး-မယ်ဟန် လမ်းဆုံစစ်ဆေးရေးဂိတ်နှင့် နမ္မတူလမ်းဆုံအနီး စစ်ဆေးရေးဂိတ်တို့အားလည်း အလှူရှင်များက အချိုရည်များ ရေသန့်များလာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဟန်ဌေး