သတင်းများ

ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းခြင်းဆောင်ရွက်
Aug 28,2020
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စု၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Aug 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှုမရှိစေရေး ယမန်နေ့ နံနက် (၈) နာရီက ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်းကုန်း(တ)ကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းကို ကွင်းဆင်း ဆောင်ရွက်
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်းကုန်း(တ)ကျေးရွာ ကုန်ထုတ် လမ်းခင်းခြင်းကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ရေတာရှည်မြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၌ စည်ပင်သာယာစျေးနှင့် ရန်ကုန်-မန္တလေး ကားလမ်းဘေးတို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှု(Mask Campaign)အဖြစ် ဆိုင်ကယ် ချစ်သူများအဖွဲ့မှ နှာခေါင်းစည်းခုရေ(၁၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့မှ ကျေးရွာသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရန် မြို့နယ်ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့မှ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းပြီး မဲစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မောက်မယ်မြို့လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 28,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများအား ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် မြို့နယ် ကျေး/ ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ချီဖွေမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၆)နာရီတွင် မြို့နယ်စည်ပင် သာယာရေး စျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ (Ventilator)အသက်ရှူစက် လှူဒါန်း
Aug 28,2020
ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အပေါ်ထပ် အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀နာရီက မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ (Ventilator) အသက်ရှူ အထောက်အကူပြုစက် လှူဒါန်းပေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။