နမ့်ဆန်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး
Aug 12,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လုံတောက်ကျေးရွာအုပ်စု၌ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။