သတင်းများ

ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသားချဲ့ထွင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး
Jul 07,2021
ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ရှိ ဦးဘိုနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသာချဲ့ထွင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် Community Based Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးဝင်းအတွင်း (၇)ထပ်ဆောင်တွင် Community Based Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား ရှောင်တခင်စစ်ဆေး
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီက ကြီးမှူး၍ ယမန်နေ့က ဗိုလ်ချုပ်လမ်း ပညာအလင်းစာကြည့်တိုက်အနီး တွင် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများကို ရှောင်တခင်စစ်ဆေးပြီး ဒဏ်ငွေ(၅၀၀)ကျပ် ချမှတ်ပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် နှင်းဆီလမ်း စည်ပင်ဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုရုံ၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေကျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Jul 07,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဝန်ထမ်းများနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူတိုင်းတာခြင်း၊ လက်ဆေးဘေစင်တွင် ဆပ်ပြာ၊ ရေတို့ဖြင့် လက်ဆေးသန့်စင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များထားရှိပေးကာ နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ဝင်ရောက်ခြင်းများ ဆောင်ရွက်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရသည်။
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 07,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ လူဝင်/လူထွက်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အသစ်ဆောက်လုပ်လျှက်ရှိသော မြို့ဝင်စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် (၁၁) နာရီအချိန် က သွားရောက်စစ်ဆေးရာ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းအောင် က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်မှ လိုအပ်သည်များကို မှာကြားခဲ့သည်။