ဆွမ်ပရာဘွမ် ဇူလိုင် ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းဝန်းအတွင်းတွင် စိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များတက်ရောက်၍ တဗေဘူတ အရိပ်ရပန်းအလှ ပင်(၈၀) ပင် စိုက်ပျိုးပေးခဲ့ပြီး မြို့နယ်ထွေအုပ်ဝန်ထမ်းအိမ်ယာတွင် တဗေဘူတ အရိပ်ရ ပန်းအလှပင် (၂၀) ပင် စုစုပေါင်းအပင် (၁၀၀) စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်