မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အလှူငွေများပေးအပ်

မိုင်းယောင်း ဇူလိုင် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့်ဇနီး ဒေါက်တာနန်းရှဲန်အွန် မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ အမှတ်(၃)ရပ်ကွက်မှ ဦးဝင်းတင့်မိသားစုက အလှူငွေ ကျပ်နှစ်သိန်း၊ အမှတ်(၉)ရပ်ကွက်မှ ဦးနေဇာလင်း မိသားစုက အလှူငွေ ကျပ်တစ်သိန်း၊ အမှတ်(၈)ရပ်ကွက်မှ ဦးစိုင်းခမ်းငင်း မိသားစုက အလှူငွေ ကျပ်နှစ်သိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၃)ဦး ရှိလာခြင်းတို့ကြောင့် ရောဂါထပ်မံ ဖြစ်ပွားမှုမရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ကုသနိုင်ရေးတို့ကို အထူးဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံသို့ လူအားဖြင့်ဖြစ်စေ၊ ငွေအားဖြင့်ဖြစ်စေ၊ ပစ္စည်းအားဖြင့်ဖြစ်စေ ဦးစိုင်းဘွန်းစီ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂) ဖုန်း-၀၉ ၄၂၈၂၃ ၅၁၀၈၊ ဦးမင်းမင်းဇော်(ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး) ဖုန်း-၀၉ ၄၀၀၄၀ ၃၆၉၇၊ ဦးဟိန်းဇော်ဦး(ထွေ/အုပ်၊ ဒုတိယဦးစီးမှူး) ဖုန်း-၀၉ ၄၂၈၂၂ ၃၉၅၄၊ ဦးသက်ခိုင်(ထွေ/အုပ်၊ ဒုတိယဦးစီးမှူး) ဖုန်း-၀၉ ၂၅၄ ၁၇၃ ၂၉၈၊ ဦးပွားမောင်(လဝကမှူး) ဖုန်း-၀၉ ၂၅၆ ၃၃၈ ၁၁၉၊ ဦးသန့်ဇင်ဦး(မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး) ဖုန်း-၀၉ ၄၂၈၂၂ ၉၈၄၃ တို့မှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း