မိုင်းယောင်းမြို့နယ်၌ သမဝါယမချေးငွေ ထုတ်ချေး

မိုင်းယောင်း ဇူလိုင် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း သုံးသင်းအတွက် သမဝါယမပံ့ပိုးချေးငွေ ကျပ် ၂၇၅ သိန်း ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းတင့် က သမဝါယမလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး စံပြငွေစုငွေချေးသမအသင်းအတွက် ပံ့ပိုးချေးငွေ ကျပ်သိန်း ၈၀ ကို ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်း က လည်းကောင်း၊ အမှတ်(၇) မွေးမြူရေးနှင့်အထွေထွေသမအသင်းအတွက် ပံ့ပိုးချေးငွေ ကျပ် ၇၅ သိန်းကို သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးကလည်းကောင်း၊ အမှတ်(၉) မွေးမြူရေးနှင့် အထွေထွေသမအသင်းအတွက် ပံ့ပိုးချေးငွေ ကျပ်သိန်း ၁၂၀ ကို ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အတွင်းရေးမှူး ဦးကျော်ကျော်မိုးက လည်းကောင်း ရင်းနှီးမြှပ်နှံရန် ချေးငွေများကို သမဝါယမအသင်းအသီးသီးသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း