ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ငါးသိုင်းချောင်း ဇူလိုင် ၉
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်း မြို့အဝင်ကြိုဆိုပါ၏ လမ်းဆုံ၊ငါးသိုင်းချောင်း-လေးမျက်နှာ-အိုင်သပြု လမ်းထိပ် နေရာများတွင် ရေကြည်မြို့နယ်နှင့် ငါးသိုင်း‌ချောင်းမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ တာဝန်ရှိ သူများ၊ဌာနဆိုင်ရာများ၊ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်း အဖွဲ့ဝင်များက နေအိမ်ပြင်ပထွက်ခွာတိုင်း (mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့တွင်းရှိ တည်းခိုခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဆောင်ရွက် ထားရှိမှုအခြေအနေများအား လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံ ပြည်သူများ အတွက်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ရောဂါကူးဆက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
စိုးမင်းဦး