ရွှေသောင်ယံ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ(Stay At Home) ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပထွက်ခွါသွားလာသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စည်ကမ်းချက် များကို လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားများကို ထောက်ခံစာပါမပါ စစ်ဆေးခြင်း၊ နေအိမ်ပြင်ပထွက်ခွာခွင့်ကဒ်များ ပါမပါစစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းဖြင့်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။