ကျောက်ပန်းတောင်း ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များစုပေါင်း၍ လူစည်ကားရာနေရာများ၌ အဖွဲ့(၄)ဖွဲ့ခွဲကာ၊ Mask Campaing ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၃၆)ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်အခြားဌာနဆိုင်ရာ ဝန်ထမ်း(၅၈)ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး(၁၂)ဦးနှင့် မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့(၄)ဖွဲ့ဖြင့်၊ မြို့မစည်ပင်သာယာဈေးကြီးတွင် (၂)နေရာနှင့် မြို့လယ် ဘူတာလမ်းဆုံတွင် (၂)နေရာခွဲကာ Face Mask အခုရေ(၈၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး၊ အပြင် ထွက်တိုင်း Mask တပ်ကြရန်နှင့် မလိုအပ်ပဲအပြင်မထွက်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာဆေးကြောရန်တို့ကို ပညာပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ Mask Campaing ပြုလုပ်ရာ နေရာများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်မှူးဦးတိုးဝင်း လိုက်ပါကြည့်ရှု အားပေးပြီး၊ Mask ဖြန့်ဝေမှုများအား ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)