မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၁)ဦးထပ်မံတွေ့ရှိ

မြစ်သား ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ သူများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသခဲ့သူများအား ဇူလိုင်(၆)ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၆ နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၀)ဦးမှာ မြစ်သားမြို့နယ် ရွာသာ အနောက်ကျေးရွာမှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး ၊ မြိုင်ကုန်း ကျေးရွာမှ အမျိုးသား(၁)ဦး၊ ရွှေကြာအင်းကျေးရွာမှ အမျိုးသမီး(၃)ဦး၊ ဇိမ်ကြီးကျေးရွာမှ အမျိုးသမီး(၂)ဦး၊ မုန္တောကြီးကျေးရွာမှ အမျိုးသမီး(၁)ဦးနှင့် ကူမဲမြို့ (တောင်ရွာ)မှ အမျိုးသား(၁)ဦးတို့တွင် ရောဂါပိုးတွေ့ရှိကြောင်းနှင့် မြစ်သားမြို့နယ်တွင် ဇူလိုင်(၆)ရက်နေ့ ညနေ(၆)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုသူ အမျိုးသား(၄၇)ဦး၊ အမျိုးသမီး(၃၁)ဦး၊ စုစုပေါင်း(၇၈)ဦး ရှိပြီဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား မြစ်သား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး ကိုဗစ်-၁၉ ရောဂါကုသရေးအဆောင်တွင် သီးသန့် ထားရှိ၍ ကုသပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦး တို့နှင့် ထိတွေ့ဆက်စပ်ခဲ့ သူများအား စုံစမ်းဖော် ထုတ်၍ Facility Quarantine ထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)