ပုဂံမြို့၌ Covid-19 Relief Package 1 သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 14,2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၄ ပတ်၊ ၈ ရက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) (BITC) ဘုတ်ကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။