ကျောက်ပန်းတောင်း ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာဦးစီးဌာနသို့ ကျောက်ပန်းတောင်း တပ်နယ်မိသားစုများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တစ်ခါသုံး Mask အခုရေ (၃၀၀၀) ပေးအပ် လှူဒါန်းခြင်းကို၊ ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်က တစ်ခါသုံး နှာခေါင်းစည်း (Mask)များ ပေးအပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တပ်မတော်မိသားစုများမှ ပေးအပ် လှူဒါန်းသည့် Mask အခုရေ(၂၀၀၀)ကို တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်က လည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် Mask အခုရေ(၁၀၀၀)ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လည်းကောင်း ပေးအပ်လှူဒါန်းရာ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က လက်ခံရယူပြီး၊ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)