မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှု အရ ၂၀၂၀ ပြည့်နှစ် မိုး ရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျှက်ရှိရာတွင် ယခုအခါ မျိုးစေ့ ထုတ်စိုက်ခင်းများအားလုံး စိုက်ပျိုးပြီးဖြစ်သဖြင့် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများကို မျိုးစေ့ထုတ် တောင်သူများထံသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းပေးအပ်လျှက် ရှိကြောင်း သိရသည်။