သတင်းများ

ဆီဆိုင်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် ကျေးရွာ(၃၃)ရွာ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၈၆)ခု ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၃ ရက်နေ့အထိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၃၃)ရွာ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၈၆)ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော သမဝါယမ အသင်းများမှ တုံကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP)ထုတ်လုပ်နိုင်ရေး ပံ့ပိုးချေးငွေများထောက်ပံ့
Aug 14,2020
စစ်ကိုင်းတိုင်ဒေသကြီး ၊ ယင်းမာင်ခရိုင် ၊ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် ရွှေလင်းယုန် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း (လီမိတက်)မှ အသင်းနယ်နိမိတ် အတွင်းရှိ ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အသင်းသားပြည်သူများအား အရင်းအနှီးနှင့် အလုပ်အကိုင် အခွင့်အရေး ရရှိစေရေးအတွက် ပံ့ပိုးချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု  ၄၆၆၉၅  စုအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ရွေးချယ်ခြင်းဆောင်ရွက်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအ‌တွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်တွင် မြို့နယ်ကော်မရှင်ရုံးတွင်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
အုတ်ဖိုတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်း အနား ကျင်းပ
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီခွဲက
လှည်းကူးမြို့နယ်၌ တောင်သူပညာပေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ
Aug 14,2020
စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃၅)စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယခုလ(၁၂)ရက်နေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် အုန်းနှဲကုန်းကျေးရွာရှိ တောင်သူ ဦးတင်ယု လယ်မြေပေါ်၌ ပြုလုပ်ခဲ့သည်။
ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်
Aug 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ အထွေထွေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်