ဘားအံ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူ ယမန်နေ့အထိ အတည်ပြုလူနာ ကျား (၁၀၃)၊ မ (၁၁၀)ဦး၊ စုစုပေါင်း(၂၁၃)ဦးရှိပြီးဖြစ်ကြောင်း ဘားအံမြို့နယ် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။
အဆိုပါ ကိုဗစ် - ၁၉ရောဂါကူးစက်ခံရသူ အတည်ပြုလူနာများကို ဘားအံပြည်သူ့ဆေးရုံးတွင် (၆၂)ဦး၊ ဘားအံတိုင်းရင်းဆေးရုံတွင်(၄၁)ဦး၊ စစ်ဆေးရုံ(တောင်ကလေး)တွင် (၃)ဦး၊ တန် (၄၀၀၀)ရှိ ဧည့်ရိပ်သာသီးသန့်ဆောင်တွင်(၁)ဦး၊ န-တ-လ(BAJ) သင်းတန်းကျောင်း (QC)တွင် (၂၁)ဦးစုစုပေါင်း (၁၂၈)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)