ရွှေသောင်ယံ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံတွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် က ကိုဗစ်-၁၉ သံယရှိသူ ၁၂ ဦးကို RDT ဖြင့် စစ်ဆေးရာ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူများမှာ ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက်မှ အသက် (၃၇)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၄၀)နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက်(၄၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ရွှေသောင်ယံမြို့ သဲကုန်းအုပ်စု၊ သဲကုန်း ကျေးရွာမှ အသက်(၅၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သဲကုန်းအုပ်စု၊ အုန်းချောင်း ကျေးရွာမှ အသက် (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ချောင်းသာ မြို့ ၂ ရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦး ၊(၁)ရပ်ကွက်မှ အသက်(၇၁)နှစ် အရွယ် အမျိုးသားတစ်ဦး၊ အမှတ်(၃) ရပ်ကွက်မှ အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၃၈)နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့တွင် တွေ့ရှိခဲ့ကြကြောင်းသိရသည်။
ရွှေသောင်ယံမြို့မှ အတည်ပြုလူနာများကို ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ရှိ အဏ္ဍဝါသိပ္ပံ ကျောင်းဆောင်တွင်လည်းကောင်း၊ ချောင်းသာမြို့မှ အတည်ပြုလူနာများကို ချောင်းသာမြို့သို့ လည်းကောင်း ပြန်လည်ခေါ်ဆောင် ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး သွားကြမည် ဖြစ်ကြောင်း သိရသည်။