မိတ္ထီလာ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းဆုံများတွင် ညစဉ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူများ တွေ့ရှိလာသဖြင့် မီးသတ် ဦးစီးဌာအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးတွေမှာ ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းဆုံများတွင် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ညစဉ် ကြေညာပေးလျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြ၍ သိရသည်။
၎င်းအပြင် မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး ဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့အား ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့လျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူမှာ ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ (၈၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်