ငပုတော ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက်မှုများ ဆက်လက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေစခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက မြို့နယ်အတွင်း ပို့တွေလူနာ များအား မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ကောင်းသန့်သိုလှောင်ရုံ Quarantine Center များ၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ၊ ပိုးတွေ့လူနာများ များပြား လာပါက Quarantine Center အဖြစ် လျာထားမည့်နေရာများ သတ်မှတ်ခြင်းနှင့် ပြည်သူများ အား အသိပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေ များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များအား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ငပုတော မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈၁ ဦးတွင် သေဆုံးလူနာ၂ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၆ ဦးနှင့် ကုသဆဲလူနာ ၁၂၃ ဦးကျန်ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
လှမင်းထွဋ်