နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၂)ဦးရှိပြီဖြစ်

နမ္မတူ ဇူလိုင် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၀)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ ပိုးတွေ့တူနာ စုစုပေါင်း (၃၂)ဦး ရှိပြီဖြစ်ကာ၊ (၂၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထပ်မံတွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦးမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက် (၂)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် ဆိုက်ခေါင်ကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။အဆိုပါအမျိုးသမီးနှစ်ဦးတို့သည် ဇူလိုင်လ (၁၂)ရက်နေ့တွင် နေမကောင်းသဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ပိုးတွေ့ရှိရသောလူနာ နှစ်ဦးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ (Isolation ward)သို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာ နှစ်ဦးလုံးမှာ ယခုအချိန်အထိ ကျန်းမားရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။

သို့ဖြစ်ပါ၍ ပန်ဟိုက် (၂)မှ ပိုးတွေ့လူနာနှင့်အတူ မိသားစုဝင်လေးဦးနေထိုင်တဲ့ နေအိမ်အား (Stay at Home) သတ်မှတ်ဆောင်ရွက်ထားရှိကြောင်းနှင့် ဆိုက်ခေါင်ကျေးရွာမှ ပိုးတွေ့လူနာ နေအိမ်မှာ ဇူလိုင်လ (၁၀)ရက်နေ့ကတည်းက (Stay at Home) သတ်မှတ်ဆောင်ရွက်ထားသော နေအိမ်ဖြစ် ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

လူမော်