ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃၁၈) ဦးအထိရှိလာ

ခရမ်း ဇူလိုင် ၁၃
 
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃၁၈) ဦး တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါ လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ တိုးချဲ့လူနာဆောင်နှင့် ခရမ်းမြို့မိုးကုတ်ရိပ်သာနှင့် အောင်ဓမ္မရိပ်သာ တို့တွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ပိုးတွေ့လူနာများ၏ အတူနေမိသားစုဝင်များအား အသွားအလာ ကန့်သက်၍ မိမိနေအိမ်များတွင် ထားရှိပြီး စောင့်ကြပ်ကြည့်ရှုစစ်ဆေး ထားရှိ လျက်ရှိကြောင်း သိရသည်။
 
ခရမ်းမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ ပေါင်း (၃၁၈)ဦးထိ ရှိလာပြီး ဆေးရုံဆင်းလူနာ (၅၀)ဦးနှင့် သေဆုံးသူ ( ၂ )ဦးရှိ ကြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
 
ကိုမင်း