ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး(၁၉)ဦးထပ်မံတွေ့ရှိ

ငါန်းဇွန် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနှင့် ထိတွေ့ဆက်စပ်သူ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ပျော်ဘွယ် ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ရွာလှကုန်း ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ကုန်းလည် ကျေးရွာမှ အမျိုးသမီး (၂)ဦး၊ ဆင်တပ်ကျေးရွာမှ အမျိုးသား(၁)ဦး၊ မရိုးကုန်းကျေးရွာမှ အမျိုးသား (၁)ဦး၊ သောင်ပြင်ကျေးရွာမှ အမျိုးသား(၁)ဦး၊ တောင်လယ်တောကျေးရွာမှ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၁၉)ဦး အား (RDT)ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရပြီး မြို့နယ်အား/ကာခန်းမ (ယာယီ ဆေးရုံ)တွင် Hospital Quarantine ထားရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ(၅၀)ဦးအား Stay Home Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင် ၁၂ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ အမျိုးသား (၃၆)ဦးနှင့် အမျိုးသမီး(၃၆)ဦး စုစုပေါင်း(၇၂)ဦးရှိပြီ ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)