ခရမ်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်

ခရမ်း ဇူလိုင် ၁၃
 
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ငါးသယံဇာတ ပေါကြွယ်ဝရေး၊ စားသုံးမှု ဖူလုံစေရေးအတွက် ခရမ်းချောင်းအတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ခရမ်းမြို့ အမှတ်(၂)ရပ်ကွက် ခရမ်းချောင်း နဘေးတွင် ကျင်းပ ခဲ့သည်။
 
အခမ်းအနားသို့ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများ၊ လေးထောင့်ကန်၊ လှော်ကား ငါးသားပေါက်စခန်းများမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်၍ ခရမ်းချောင်းအတွင်းသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၆၀၀၀၀၀ (၆ သိန်း)အား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
 
ကိုမင်း (ခရမ်း)