သာစည် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ လျော့ပါးစေရန် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ နံနက်က မြို့ပေါ်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်ပုံများ၊ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ Home Quarantine နေထိုင်ရမည့်သူများ လိုက်နာရန်အချက်များ၊ ရောဂါကူးစက်ရာဒေသများနှင့် နိုင်ငံခြားတိုင်းပြည်များမှ ပြန်လာသူများ လိုက်နာရမည့် အချက်များစသည်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ သာစည်မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်သင်းသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မိုးသူဇာနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြပြီး ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်းများကပ်ခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)