ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ ဝင်ထွက်သွားလာနေသော မြို့နယ်ဌာနဆိုင်ရာရုံးများ၏ ရုံးတွင်းရှိ အခန်းများ၊ စားပွဲ၊ ထိုင်ခုံများ၊ ပြတင်းတံခါး လက်ကိုင်နေရာများကို ပိုးသတ်ဆေးဖျန်းပေးခြင်းကို ယခုကာလအတွင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုနည်းတူ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်တင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)