မြစ်သား ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြစ်သားမြို့နှင့် ကူမဲမြို့အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူများ၏ နေအိမ်ပတ်ဝန်းကျင်နှင့် လူစည်ကားရာနေရာများ၊ လူအများသွားလာသည့် လမ်းမများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့် ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လိုပါက မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးသို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)