ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ပိတ်ထားသည့် ကာလအတွင်း Onlineမှတဆင့် ဆင်စာဘူဖေးကျွေးမှု (၁၉၅)ကြိမ်ရှိလာ

ညောင်ဦး ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Onlineမှတဆင့် ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၁၉၅)ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Onlineမှလည်း ကြိုတင်ချိတ်ဆက်မှု များလည်း ရှိနေသေးကြောင်း ဆင်စခန်းမှသစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်း အမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း-၇၉၃၈၂၀၅၃၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၁၉၅)ကြိမ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း မြို့အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာ မခက်ခဲကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ရက်နေ့မှစတင်၍ ပလင်းကမ်းသာယာ ဆင်စခန်းပြန်လည်ဖွင့် လှစ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD