သတင်းများ

ထန်းတပင်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည် ကောင်းမွန်သူ (၄)ဦး ဆေးရုံဆင်းခွင့်ရရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၂၀၂ ဦး အနက် ကျန်းမာရေး​ပြန်လည်ကောင်းမွန်၍ ယ​နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်သူ ၄ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ (၄၃)ဦး ဆေးကုသမှုခံယူလျက်ရှိကာ စုစုပေါင်းပိုးတွေ့လူနာ (၅၈)ဦး ရှိပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဒုတိယအကြိမ် ဖြန့်ဝေခြင်းဆောင်ရွက်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးအတွက် Mask Campaign နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉) နာရီက ပြင်စလူမြို့ ရပ်ကွက်များအတွင်း ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် Facility Quarantine Centre တွင် ထားရှိသူများအားကိုဗစ်(၁၉) ရောဂါပိုး မရှိ၍ နေရပ်သို့ ပြန်ခွင့်ပြု
Jul 15,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် Facility Quarantine Centre တွင် ထားရှိသူများအား ကိုဗစ်(၁၉) ရောဂါပိုး မရှိ၍ ၎င်းတို့၏ နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် မျိုးစေ့ထုတ်မျိုးစပါး (၄)မျိုး ယှဉ်ပြိုင်ကွက်များ စိုက်ပျိုးထား
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဂွေးတောက်ကွင်းကျေးရွာ တောင်သူဦးတင်ဝင်း၏ ကွင်းအမှတ် (၁၁၅၈)တွင် မျိုးစေ့ထုတ်မျိုးစပါး (၄)မျိုး ယှဉ်ပြိုင်ကွက်များကို ယမန်နေ့မှစ၍ စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၃၄)ဦး ကို Swab ယူ စစ်ဆေးရာ (၁၆)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ
Jul 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၁၆)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင် မြို့မစျေးကြီးအား ၂ ပတ်တိတိ ယာယီပိတ်သိမ်းသွားမည်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် သာယာဝတီမြို့မစျေးနှင့် သုံးဆယ်မြို့မစျေးတို့တွင် ရောင်းချနေသော စျေးသူစျေးသားများ၊ ပျံကျစျေးများအား ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။
ပဲခူးမြို့သို့ Oxygen Plant စက်သစ်ကြီး ရောက်ရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် ၉နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ UK Made, ကျပ်သိန်း(၃၅၀၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိ လာပြီဖြစ်ပြီး (၂)ရက်အတွင်းအပြီး တပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။