သာယာဝတီ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် သာယာဝတီမြို့မစျေးနှင့် သုံးဆယ်မြို့မစျေးတို့တွင် ရောင်းချနေသော စျေးသူစျေးသားများ၊ ပျံကျစျေးများအား ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။
ယခုအခါ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားနေသဖြင့် စျေးသူစျေးသားများအနေဖြင့် သတ်မှတ်ထားသည့် ယာယီစျေးပိတ်ရက်များအတွင်း အဖွဲ့ပိုင်စျေးများနှင့် ပျံကျစျေးများတွင် စျေးရောင်းချခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
သန့်ဇော်