သတင်းများ

ရမည်းသင်းမြို့နယ်အတွင်း အထက်တန်းကျောင်း (၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး (၅၀၀) စီး ထောက်ပံ့လှူဒါန်းပေးအပ်
Aug 23,2020
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေသည် ယမန်နေ့နံနက်ပိုင်းက ရမည်းသင်းမြို့နယ် မြို့လှအထကကျောင်း၊ ငှက်သိုက်ကျေးအထကကျောင်း၊ ရွာတန်းအထကကျောင်းနှင့် သိမ်ကုန်းအထကကျောင်းများ၌ ပညာသင်ရန်သွားလာရေးခက်ခဲသော ရပ်ဝေးကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် စက်ဘီး (၅၀၀) ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အရိပ်ရပင်နှင့် ပန်းပင်များစိုက်ပျိုး
Aug 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်နှင့် ပန်းပင်များကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ၊ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်းလမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ယမန်နေ့နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသွားလာမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်မိမိခိုင်သည် ကန့်ဘလူမြို့နယ် တရားသူကြီး ဒေါ်ဥမ္မာမြင့်လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး
Aug 23,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လွယ်ဂျယ်မြို့ ပြန်/ဆက်ရုံး Community Center ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 23,2020
ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက စာရေးဆရာအောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး
Aug 23,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။