ထန်းတပင် (ပဲခူး) ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၂၀၂ ဦး အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်သူ ၄ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျန်းမာရေးကောင်းမွန်၍ ပြန်လည်ဆင်းခွင့်ရရှိသူ ၄ ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးထောက်ခံချက်များ ပေးအပ်ကာ ၎င်းတို့၏ နေအိမ်အသီးသီး၌ သီးသန့် နေထိုင်ခြင်း ၇ ရက်ကြာ ပြုလုပ်သွားရန် မှာကြားခဲ့ပြီး ပရဟိတအဖွဲ့များက ၄င်းတို့၏ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၂၀၂)ဦး ၊ ယနေ့အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၄)ဦးနှင့် သေဆုံး(၂)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်း