ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာတွင် ရွာအဝင်ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော်ပြီးစီး
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP)ရန်ပုံငွေနှင့် ကျေးရွာလူထုပူးပေါင်း၍ အရှည်ပေ(၈၀)ကျော်ရှိ ရွာအဝင်ကွန်ကရစ်တံတားတစ်စင်း ကို တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၆၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။