သတင်းများ

မင်းလှမြို့၌ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်အား အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌‌ ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ပါ ပြဌာန်းချက်များကို သိရှိနားလည်ပြီးလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီကရုံးရပ်‌တောင်ရပ်ကွက်၊ တာဘောင်ကြီးလမ်းတွင် ဆောင်ရွက်ခဲ့သည်။
တနင်္သာရီမြို့၌ မဲစာရင်းများ မှန်ကန်စေရေး၊ အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Aug 23,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်အတွင်းရှိ ပထမအကြိမ် မဲစာရင်းများမှ ကွက်လပ်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးအတွက် ယမနန်နေ့ က ကွင်းဆင်းစစ်ဆေးခဲ့သည်။
တနိုင်းမြို့နယ်၌ သာသနာ့အကျိုးတော်ဆောင်အဖွဲ့များမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များနှင့် သီလရှင်အတွက် ကိုသာပိုနှင့် မိဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့မဗဟိုကျောင်းတိုက်၌ ကျင်းပဆောင်ရွက်ခဲ့သည်။
မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်လိုင်စင်များ လေလံတင်ရောင်းချပွဲ ကျင်းပ
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့် လေလံတင် ရောင်းချပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Aug 23,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်းတပ်ဆင်ရောင်းဝယ်ရေး ကွင်းဆင်းကြပ်မတ်
Aug 23,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ရောင်းဝယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှ ယနေ့နံနက်ပိုင်း က မြို့မဈေး၌ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Aug 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ယမန်နေ့ ည ၇ နာရီ ၁၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။